ရှမ်းရိုးမ ကတောင်တန်းကြီးတွေ မှ ဒီဇင်ဘာလ လောက်မှာ တစ်တောင်လုံးကို ပန်းနုရောင်တွေနဲ့ ဖုံးလွှမ်း နေတဲ့ ချယ်ရီပန်းတွေ နဲ့ ရှမ်းရိုးမတောင်တန်းကြီးဟာ တစ်နေ့တာမောပန်းသမျှ ဟာ ခဏလေးအတွင်းမှာ ပြေပျောက်သွားမှာပါ။ ပန်းနုရောင် တောင်တန်းကြီးတွေဟာ သဘာဝက ပေးတဲ့ဆေးပန်းချီကားကြီး တစ်ချပ်လိုပါပဲ မည်သို့သော် ပန်းချီဆရာက မှ ရေးဆွဲနိုင်မည် မဟုတ် လောက် ပါဘူးဗျာ ။ အဲဒီလို သဘာဝအလှပတွေနဲ့ ပြည့်စုံတဲ့ မြို့လေးတစ်မြို့ကတော့ ရှမ်းပြည်နယ် ရဲ့မြို့တော် ၊ ရှမ်းပြည်နယ်တောင်ပိုင်း မှာ ရှိတဲ့ တောင်ကြီးမြို့ ပဲ ဖြစ်ပါတယ်။ တောင်ကြီးမြို့ဟာ ဆောင်းရာသီမှာအေးချမ်းပြီး လှပတယ်ချယ်ရီတွေပွင့် တဲ့ ချယ်ရီမြို့ကလေးတစ်မြို့ ဖြစ်ပါတယ်။ သူငယ်ချင်တို့ တောင်ကြီးကိုရောက်ဖူးလား ၊ လာ လည်စေချင်ပါတယ် ။
တောင်ကြီးမြို့ မှာ ချယ်ရီတွေပွင့်တဲ့အချိန် သူငယ်ချင်တို့ကို မြင်ဖူးစေချင်လိုက်တာ။ အင်မတန်လှတဲ့ မြင်ကွင်ပါပဲ သူငယ်ချင်တို့ရယ်။ အခု နောက်ပိုင် ရာသီဥတု တွေဖောက်ပြန်လာတော့ အရင်ကလို တစ်တောင်လုံးတောင်မပွင့်ချင်တော့ဘုး သူငယ်ချင်ရယ်။ ဒါပေမယ့်လဲ ဒီဇင်ဘာလ ရောက်လို့အချိန်တန်ရင် တော့ ချယ်ရီပန်းတွေက ပွင့်မြဲပါပဲ၊ လှမြဲပါ ပဲဗျာ။ အခါ အခွင့် ကြုံရင်တော့ ကျွန်တော်တို့ ရဲ့ချယ်ရီမြေ ကိုအလယ်တစ်ခေါက်လောက် လာခဲ့ဖို့ဖိတ်ခေါ်ချင်ပါတယ် သူငယ်ချင်တို့ရေ ။